ကကြမယ်


မင်္ဂလာပါ ... ကျွန်တော်ရဲ့ဝက်ဆိုက်လေးကိုဝင်ရောက်ကြည့် ရှု့ ကြသောသူများ၏commentsကျွန်တော့်ရြဲံအားဆေးပါ ....

Friends18.com Orkut Scraps
Friends18.com Divider Scraps
မှ

Thursday 4 October 2012

နေရာဟောင်းမှာ...

စိမ်းလန်းတဲ့မြေ
တသွင်သွင်းစီးနေတဲ့ကန်ရေပြင်
တောငှက်လေးတွေရဲ့
သီကျူးသံတွေ
နင်မှတ်မိပါလေစ..
တခါတခါ
တိုက်ခတ်လာတဲ့
လေနုအေးတစမှာ
တောပန်းရနံ့တွေကြိုင်လို့
နူးညံ့ခဲ့တဲ့
အမှတ်တရချိုချိုတွေကို
ငါမေ့မရခဲ့ဘူး..
လေယူရာယိမ်းနွဲ့နေတဲ့
ဝါးရွက်စိမ်းစိမ်းလေးတွေရဲ့ကြားမှာ
ပြေးလွားနေတဲ့
မျောက်ပေါက်စလေးတွေ..
ယုန်ဖြူဖြူလေးတွေ..
ကိုင်းတန်းပေါ်က
ငှက်ပြာပြာလေးတွေ..
ငါတို့တအံ့တသြ
ကြည့်ခဲ့ဖူးတယ်..
ပတ်လည်ဝိုင်းနေတဲ့
တောင်အမြင့်ကြီးတွေပေါ်မှာ
ဆောက်ထားတဲ့
ဝါးတံတားလေးတွေ
သစ်သားအိမ်သေးသေးလေးတွေ
မြင်ရယုံနဲံ့
ရင်ခုန်ရတယ်..
တောင်အရိပ်ကြောင့်
အထိတွေ့တွေဘယ်လောက်ပဲ
အေးစက်နေပါစေ..
တဖွဲဖွဲကျနေတဲ့
မိုးရာသီကြောင့်
မိုးစက်တွေဘယ်လောက်ပဲ
အေးခဲနေပါစေ..
တွဲထားတဲ့လက်တစုံရဲ့
နွေးထွေးမှု့ကို
ဖြိုခွင်းနိုင်မယ်မထင်ဘူး…
လန်းဆန်းမှု့တွေအတွက်
ဒီနယ်မြေ..
ငါတို့နှစ်ယောက်ရဲ့
ပထမဆုံးခြေလှမ်းတွေ
ငါ့ရဲ့စိတ်ကူးတွေမှာ
ပျံသန်းနေတုန်း…
ငါ့အတွက်
ပုံပြင်တခုလိုပဲ..
နင်နဲ့ငါဝေးခဲ့ရတာ
ဘာလိုလိုနဲ့
တစ်နှစ်ကျော်ခဲ့ပီင်္..
ဒီနယ်မြေကို
ခုတခါပြန်ရောက်ခဲ့ပြန်တော့
ငါ့ဘေးနားမှာ
အရင်လို့နင်မရှိခဲ့ပေမယ့်
ကျောက်တုံးပေါ်က
စာတန်းလေးကတော့
ငါ့ကိုစီးကြိုနေတုန်းပဲ..
စောင်းတန်းပေါ်က
နင့်ရဲ့ရယ်သံတွေ..
ကန်ဘောင်ပေါ်က
နင်ရဲ့အရိပ်တွေ..
ငါ့ရင်ထဲက
နင်ရှိနေမလားလို့
ပြန်လိုက်ရှာခဲ့ပေမယ့်
ဝေးခဲ့ပီလေ..
နင်သတိရခဲ့မယ်ဆိုရင်တော့.....

No comments:

Post a Comment