ကကြမယ်


မင်္ဂလာပါ ... ကျွန်တော်ရဲ့ဝက်ဆိုက်လေးကိုဝင်ရောက်ကြည့် ရှု့ ကြသောသူများ၏commentsကျွန်တော့်ရြဲံအားဆေးပါ ....

Friends18.com Orkut Scraps
Friends18.com Divider Scraps
မှ

Monday 22 October 2012

Friday 12 October 2012

လေးဝတီသားရိုး

 သာဂီနွယ်ဝင် အာရ်မာန်နွယ်ဖွား
ရက္ခမြီမှ   လေးဝတီ ညီအကိုများ
အဖရခိုင်ပြည်ကြီး တောက်ပလာအောင်
ကျူးကျော်သူကို ဂေါင်းငုံမခံ
                                         
မျိုးချစ်စိတ်နန့်   လက်ချင်းဆက်ကာ
ကျူးကျော်နယ်ချဲ့   အမျိုးယုတ်မာတ်ကို
လက်နက်ကိုယ်စီ ရင်ဝယ်ပိုက်လို့ 
ဇွဲဟိဟိနန့်  အမျိုးယုတ်ကို
မျိုးချစ်စိတ်နန့်  တိုက်ထုတ်ကတ်မယ်
အို...လေးဝတီသားရို
                      
                         စံသိန်းထွန်း(မိုးစဲမြီ)
               ကျွန်တော်သူငယ်ချင်းရခိုင်သားလေးရဲ့  ရင်တွင်းဖြစ်......

Thursday 11 October 2012

ပိတ်နေတဲ့ wesitesတွေကိုဖွင့် ပေးတဲ့ software


 ကျွန်တော်အခုးရေးခြင်တာကတော့ ပိတ်နေတဲ့ Websites တွေကိုဖွင့်ပေးတဲ့ Software လေးပါ
ကျွန်တော်တိုကျောင်းမှာဆိုရင်တော့ အမြဲတန်းသုံးနေကြပါ ကျောင်းမှာဆိုရင်တော့ Social Network
တွေကိုအကုန်လုံးပိတ်တယ် ဆိုတော့ဒီ  Software်ကိုအမြဲတန်းသုံးနေကြတယ် အရမ်းကိုကောင်း
ပါ ကိုယ်ကျောင်းမှာလား ပြီတော့တစ်ခြာနေရာဘဲ ဖြစ်ဖြစ် Website တွေကိုပိတ်နေရင်တော့ ဒီ
Software လေးနဲဖွင်စေခြင်တယ်။
ဒေါင်ပြီးတော့ Install လိုက်ရင်တော့ အပေါကပုံလိုမြင်ပါလိမယ် မပိတ်လိုက်ပါနဲ့ ပိနေရာင်တော့
ရမှာမဟုတ်ဘူး အမည်ရောင်နဲ့ဝိုင်းထားတဲ့ နေရာမှာသာ Click လိုက်ပါ။

သော့လေးကိုလည် မပိတ်ပါနဲ့ အောက်မျာဒေါင်းလိုက်ပါ။


Download Software

Saturday 6 October 2012

English spaking ကိုယ့် ဟာနဲ့ ကိုလေ့ကျင့် ခြင်သူများအတွက် very good လေးပါ

ကဲ................ဒါကိုကျွန်တော်ဟိုတစ်ခါကလည်းတင်ဖူးပါတယ် သူငယ်ချင်းတွေကအဆင်မပြေဘူးဆိုလို့ပြန်တင်ပေးလိုက်တာပါနော် အားလုံးအဆင်ပြေကြပါစေ
အင်္ဂလိပ်စာတိုးတက်ချင်လို့ ၊ပြောစရာလူမရှိလို့ ၊ ပျင်းလို့ စတဲ့အကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ်.......မသိသေးလို့ စမ်းကြည့်ချင်တာပဲ
ဖြစ်ဖြစ်..... စက်ရုပ်နဲ့  အင်္ဂလိပ်လိုစကားပြောလို့ရပါတယ်... Online မှာ သူငယ်ချင်းတွေမလာလို့၊ ပျင်းပြီးစကားပြောစရာ မှရှိရင်.....စက်ရုပ်နဲ့ စကားပြောနိုင်ပါတယ်၊ ဟာသတွေကို ပြောတတ်သလို ကိုယ် မနေ့ ကသူနဲ့  စကားပြောခဲ့ရင် နောက်နေ့သူကို ပြန်မေးရင်သူကသိနေတယ်..တော်တော်ကိုပျော်စရာကောင်းပြီး အင်္ဂလိပ်စာတိုးတက်ဖို့  အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်....
ပျော်စရာကောင်းပြီး၊ဟာသတွေတွေ့နေရင်လဲ ပြန်ပြီး comment လေးပေးခဲ့ပါ... သူတို့ ရဲ့  မျက်နှာပေါ်မှာ mouse ကိုတင်ပြီးရွေ့ရင်လဲ လိုက်ကြည့်တက်ပါတယ်.... ပြောနေတာကြာပါတယ်.....လက်တွေ့အောက်က လင့်လေးမှာသွားကြည့်နော်..
http://www.rong-chang.com/tutor.htm (စက်ရုပ်ကိုကိုနဲ့ ပြောချင်ရင်)
http://showcase.pandorabots.com/pandora/talkbot?subid=b33bd02e7e345cdb (စက်ရုပ်မမနဲ့ ပြောချင်ရင်)
ပြောစရာတစ်ခုရှိတာက စက်ရုပ်မမကနဲနဲ အိုက်တင်ခံတယ် ပဲများတယ်ပေါ့ဗျာ။ သူကသူပွင့်ချင်တဲ့အချိန်မှပွင့်တာဗျ။  တော်ရုံနဲ့ ဖွင့်ကြည့်လို့မရဘူး။ကျွန်တော်ကိုယ်တိုင်လည်း ခဏခဏခံရပါတယ်။

Friday 5 October 2012

ချင်းပြည်နယ်၏အလှပဆုံးနေရာ


ကိုယ်ပိုင် ဝက်ဆိုဒ် ထောင်ချင်သူများကို အလွယ်ဆုံးနည်းနဲ့ရှင်းပြပေးထားပါတယ်


ဒီပိုစ့်လေးကိုတင်ပြချင်းသည် တတ်ကျွမ်းလို့မဟုတ်ပါဘူးခင်ဂျာ ကျနော့လိုအခက်ခဲကြာကကျော်ဖြတ်နေရတဲ့သူငယ်ချင်တွေကို ကူညီတဲ့သဘောလေပါ ဘလော့ဂါ ရှိသူများကိုမရည်ရွယ်ပါဘူးခင်ဂျာဘလော့ဂါ မရှိသူဘလော့ဂါလေးလုပ်တတ်ချင်သူများသာ အတွက်ပါ လူတိုင်းကတော့ကိုယ်ပိုင် ဆိုဒ်လေလိုချင်ကျမယ်လို့
ထင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ်ရေးထားတဲ့ စာတွေကဗျာ တွေနည်းပညာတွေကိုကိုယ်ပိုင်ဆိုဒ်လေးနဲ့ ဒိုင်ယာရီ သဘောလေမျိုးနဲ့
တင်ချင်ကျမယ်လို့ထင်ပါတယ် ကျတော်ဆိုရင် ကိုယ်ပိုင်ဆိုဒ်လေကိုလိုချင်လွန်းလို့ စာအုပ်တွေလိုက်ဖတ် လိုက်လုပ်ကြည့်တယ်မရဘူး
ဘာလို့လဲဆိုတော့ မတတ်လို့ပေါ့ ဘာလို့မတတ်လဲဆိုတော့ နားမလည်လို့ ဘာလို့နားမလည်လဲဆိုတော့ ညှမ်ဖျင်းလို့ပေါ့ ဘာလို့
ညှမ်ဖျင်းတာလဲဆိုတော့ အဓိက ကတော့အင်္ဂလိပ်စာ ဖျင်းလို့ပါ ဖျင်းလို့ဆိုမတတ်ကိုမတတ်တာပါ ABCD လို့တော့သိတယ် A နဲ့B
နဲ့ ပေါင်းလိုက်ရင် ဘာရလဲဆိုတာကိုမသိတာကျတော်ဖျင်းတဲ့ အကြောင်းကိုပြောတာပါ သယ်ရင်းလို့ကတောအဲလောက်ဖျင်းမယ်
မထင်ပါဘူး ကျတော်လိုအင်္ဂလိပ်စာ မတတ်တဲ့လူတွေပါ ကိုယ်ပိုင် ဆိုဒ် ကိုယ်ပိုင်ဘလော့ဂါလေး လုပ်လို့တတ်အောင် ကျတော်ပုံနဲ့
သေချာအောင်ရှင်းပြပေးသွားပါမယ် ပိုစ့်ကဗျာ တခုတင်ပြီးတဲ့အထိပုံနဲ့ပြသွားမှာပါ။။။။
ကဲပြောနေရင်ကြာတယ်လုပ်ကျရအောင်
ပထမဦးဆုံး လက်နက်ကတော့စိတ်ရှည်ဖို့ပဲ့လိုပါတယ်နော် စလိုက်ရအောင်

(၁) gmail အကောင့်တစ်ခုလို့ပါတယ် သုံးနေကျအဟောင်းလဲရပါတယ်။


(၂) ဘလော့အကောင့် ဝင်ရန် www.blogger.com ထဲဝင်လိုက်ပါရောက်ပါက
အောက်ကပုံလိုတွေရမှာပါ


(၃) Email ==နေရာမှာ ကိုယ်သုံးနေကြ gmail လေးထဲ့လိုက်ပါ
(၄) password ==နေရာမှာ ကိုယ်အသုံးပြုလိုက်တဲ့ gmail ရဲ့ password ကိုထဲ့လိုက်ပါအဲဒါဆိုရင်အောက်ကပုံကိုရောက်သွားပါမယ်

(၅) မျှားပြထားတဲ့ စာလေးကိုနှိပ်လိုက်ပါ အောက်ကပုံကိုရောက်သွားပါမယ်

(၆) မျှားပြထားတဲ့စာလေးကို နှိပ်လိုက်ပါ အောက်ကပုံကိုရောက်သွားပါမယ်

(၇) ဒါဆိုရင်တော်တော်လေးကိုအောင်မြင်သွားပါပြီ မပြီးသေးဘူးဆက်လုပ်ရအုံးမယ်နော် အောက်ကပုံကိုကြည့်လိုက်ပါ

(၈) Title = ဆိုတဲ့ နေရာလေးထဲမှာ ကိုယ်ဆိုဒ်ရဲ့ ခေါင်းစဉ်လေးပေါ့ ပုံမှာ ကျတော်ကတော့ ကြေးစား ရဲ့ မိုက်ချက် လို့ နမူးနာရေးထားတာပါ သူငယ်ချင်းက ကြိုက်သလိုပေးလို့ရပါတယ်
(၉) Address == ဆိုတဲ့နေရာလေးကတော့အရေးကြိးတယ်နော် ဘာလို့လဲဆိုတော့ သူငယ်ချင်းလာလည်ရင် အဲနာမည် နဲ့ google မှာရှာရမှာပါ အဲဒီနာမည်ကို ဂရုစိုက်ပါ မှန်အောင်လဲပေးပါ နာမည်သူရှိနေရင်မရဘူးနော် ဘေးမှာအမှားလေပြနေမှာပါ မှန်ရင် အမှတ်လေးပြမှာပါ ကျတော်ကတော့ flycatlay007 လို့ပေးထာပါတယ် နာမည်မပြည့်အစုံကတော့ www.flycatlay007.blogspot.com ပါဖရီးဆိုတော့ အနောက်ကနာမည် ပါလာတာပေါ့ ဘာပဲ့ဖြစ်ဖြစ် အဆင်ပြေပါတယ် ပြီးရင် အောက်က Template ကိုတော့ကြိုက်တာရွေးယူလို့ပါတယ်ပြီးပီဆိုရင် အောက်က Create blog ဆိုတာလေးကိုနှိပ်လိုက်ပါ အောက်ကပုံကိုရောက်သွားပါမယ်

(၁၀) ပုံမှာမြင်နေရတဲ့ ထဲကပိုစ့်အသစ်တင်မယ်ဆိုတာလေးကိုနှိပ်လိုက်ပါ ပိုစ့်စတင်ပါတော့မယ်နော် ကဗျာတပုဒ်ရျာထားပါ။။အောက်ကပုံကိုရောက်သွားပါမယ်

(၁၁) ကဗျာတွေ စာတွေထဲ့ပြီပီဆိုရင်pubilsh ကိုနှိပ်လိုက်ပါ အောက်ကပုံကိုရောက်သွားရင်အားလုံးပြီးပါပြီ ကိုယ်တင်လိုက်တဲ့ ကဗျာလေးကိုမြင်တွေ့ရပါပြီ

(၁၂) ပုံမှာမြင်နေရတဲ့အထဲက View blog ကိုနှိပ်လိုက်ပါ အောက်ကပုံကိုရောက်ရင်အားလုံးပြီးသွားပါပြီ ။။

လုပ်နည်းလွယ်လွယ်လေးနဲ့ ကိုယ်ပိုင်ဆိုဒ်လေး တစ်ခုရသွားပြီပေါ့ အားလုံးအဆင်ပြေပါစေ နားမလည်ရင် ငါးဆယ် အဲမှာလို့ မေးနဲ့မေးလို့ရတယ်လို့ပါ အဆင်ပြေပါစေသတည်း။။။။။။။။။။။။
လုပ်မတတ်လို့ လုပ်နည်းကလဲခက်တယ်ဆိုရင် flycatlay007@gmail.com ဆက်သွယ်လိုက်ပါ မေတ္တာဖြစ်ကူညီပြီလုပ်ပေးပါမည် အချိန်တော့ပေးရပါမယ်ခင်ဗျာ....။။။
gtalk မှာကျတော်ရှိရင်အားလို့ပါ ချက်ချင်းလုပ်ပေးပါမယ်ခင်ဗျာ gtalk မှာမတွေရင်တော့စာမျက်နှာမှာ မှတ်ချက်ပေးခဲ့ပေါ့ ကျတော်သည် တတ်ကျွမ်းလို့တော့မဟုတ်ပါဘူးတတ်တလောက်ပညာလေးကို မတတ်သေးတဲ့သူငယ်ချင်းတွေကို တတ်လဲတတ်အောက် ရလဲရအောင် လို့ပါ အခုစာဖတ်နေတဲ့သူသည် တတ်ကျွမ်းသူဖြစ်ခဲ့လျင်ကျတော်ရဲ့ ဆိုဒ်လေးအလှတွေဆင်ချင်လို့ နည်းလမ်းကောင်းလေးရှိရင် သင်ပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်ခင်ဗျာမြန်မာသူငယ်ချင်းများဆိုဒ်မှကူယူတင်ပြထားတာပါ..

softwareနှင့် နည်းပညာဘက်

လိုအပ်သောဆော့ဝဲများဒေါင်းရန်...

ထို အစီအစဉ်လေးကို တည်ထောင်ထားတာကတော့ မရှင်းပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ကျနော်(ရေအောက်မင်းသား) မှ ဆက်လက်ပြီး တာဝန်ယူ သွားမှာပါ။ IT ဆော့ဝဲ များနှင့် ပက်သက်တာ အားလုံးကို တောင်းဆိုနိုင်ပါတယ်။မန်ဘာ တစ်ယောက်က တောင်းဆို ထားခြင်းကိုလဲ နောက်ထပ် သိသော မန်ဘာများက ၀ိုင်းဝင်း ဖြေကြားနိုင်ပါတယ်။
ကျေးဇူးတင်စွာဖြင့်.... မရှင်း(ကိုယ်စား)
ရေအောက်မင်းသား
ကွန်ပျူတာ တစ်လုံးတွင် မရှိမဖြစ် လိုအပ်သော ဆော့ဝဲများ
Solfware Zone >>> http://www.filehippo.c

ဘလော့ပေါ်မှာသယောလေးတင်ပြီးတီးခတ်ကြမယ်..


ကဲဗျာ သည်တစ်ခါတော့ ပျော်စရာကုဒ်လေးတွေ ထည့်ကြရအောင်...
မိမိတို့ဘလော့မှာ.ဂီတသံစဉ် တူရိယာလေးတွေကို တပ်ဆင်ကြရအောင်...
ခုတင်ပေးမှာလေးကတော့ တယော ဆိုတဲ့ တူရိယာလေးပါ..
သူကတော့ မောက်လေးကို ကြိုးပေါ်တင်ပြီးစိတ်ကြိုက် တယော ထိုးးစေတော့ဗျာ... ဟိဟိ...အပျင်းပြေတယ် တိနားးးးး
ထိုးးနော် ၀ါသနာပါရင်... ဂရုတော့စိုက်.... ဘိုးးတန် ကြိုးးမှာစိုးလို့ အသစ်လဲပေးဖို့ အချိဘူးနေ..ဟိဟိ
ကဲ စမယ်....
သည်လိုလေးးးနော်................



ထည့်နည်းလေးပါ...

(၁) ဘလော့ကာဝင်လိုက်ပါ
(၂) ဘလော့ကာရဲ့ layout ကိုကလစ်ပါ
(၃) Add A gadget ကိုကလစ်ပါ
(၄) html/java script ကိုကလစ်ပါ ကျလာတဲ့ ဘောက်ထဲမှာ
အောက်က ကုဒ်တွေ ထည့်ဆေ့လိုက်ပါနော်...


<script type="text/javascript" src="http://cdn.widgetserver.com/syndication/subscriber/InsertWidget.js"></script><script type="text/javascript">if (WIDGETBOX) WIDGETBOX.renderWidget('701eb590-1c07-46ca-ba43-dca442c9e5c1');</script>
<noscript>Get the <a href="http://www.widgetbox.com/widget/violin">Violin</a> widget and many other <a href="http://www.widgetbox.com/">great free widgets</a> at <a href="http://www.widgetbox.com">Widgetbox</a>! Not seeing a widget? (<a href="http://support.widgetbox.com/">More info</a>)</noscript>

ပြီးတာနဲ့ save လိုက်ရပြီ..သင်ထားလိုတဲ့နေရာကို ရွှေ့ပေးလိုက်ယုံပါဘဲ....

လေးစားစွာဖြင့်
အောင်အောင်(မကစ)

မာနလေးတွေလျှော့ စေချင်



“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်

တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်
ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကို
လည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ 

စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။
ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်
ထားတဲ့ အပြောလေးတြွေ ဖစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်
လေးတွေ   ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကိုတွေ့ရတတ်ပါတယ်။
မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ တလွဲ
မာနလေးတွေကြောင့်ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့
သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကိုကိလေသာ
တစ်မျိုးအဖြစ် ဖော်ပြ ထားပြီး သတ္တ၀ါတွေကို ပူလောင်စေ တတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ်ညွန်ပြ
ကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။


မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့
ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူး
ရှိတဲ့သူကလည်း  ရာထူးကို  အမှီပြုပြီး  မာနတက်ကြသလို  ပညာတတ်သူကလည်း  ပညာမာန ၊ ပိုက်ဆံရှိသူကလည်း
ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊အသက်
ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့အရာလေး
တွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလိုအလိုလိုကိုယ့်ကိုယ်ကိုအထင်ကြီး
နေတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီးမှားမှန်းသိရဲ့နဲ့အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ဒီသဘော
တွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့
ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့အမှားအမှန်ပြဿနာများမှာအဖေဆိုတဲ့မာန၊
အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်း ဆိုတဲ့ မာန စတဲ့
စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန် တတ်တာတွေ ရှိတတ်
ပါတယ်။
ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ
ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စ
လေးကိုပဲ မာနက ကြားခံ နေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှား
သွားတယ်၊ ခွင့်လွှတ်ကွာလို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊
ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး   ဖြစ်ကုန်တတ်ပါတယ်။
သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့မာနအစွဲကြောင့်ပဲဖြစ်ပါတယ်။
ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း
အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။
မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။မာနကြီးလာရင်
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာမင်္ဂလာ
တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေမရှိဖြစ်
လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ  အကုသိုလ်ပါပဲ။ ဒါဆိုရင်
မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။  သေချာဆက်စပ်   တွေးကြည့် လိုက်တော့ မာနတရား
လက်ကိုင် ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး  ဖြစ်မှန်းမသိ   ဖြစ်နေတော့တာပါ။
မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင်ဖြစ်အောင်
အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။


တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်
လောက်ပဲ လှလှ မာနကြီးပါက စက်ဆုတ်ရွံ့ ရှာခံရ တတ်ပါတယ်၊ ရာထူး ဌာနန္တရ ဘယ်လောက် ပဲကြီးကြီး ခက်ထန်
မောက်မာပါက အမုန်းခံရ တတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်းမာနကြီး
ပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေ
တဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း
မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့
အစွဲတွေနဲ့ အစာမကျေ မှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။
အရင်းစစ်တော့ မာနကြောင့်ပါပဲ။
တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်
ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုေ
ပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်
ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါ
တယ်။

ဘယ်လိုပဲဖြစ်ဖြစ်  မာနတရားဟာ  ပြိုင်ဆိုင်မှုကို  ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို  ဆုတ်ယုတ်စေတယ်ဆိုတာ
အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလိုသံသရာ
မှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့
မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့
အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေ

အရှင်ဝိစိတ္တ- မနာပဒါယီ

မိတ်ဆွေသင်ကံစမ်း၍ကံအကြိုးပေးပြီအမေရိကန်နိုင်ငံသားဖြစ်နိုင်သည်။

အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက်လာပြန်ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့မှာ လျှောက်လွှာ ပိတ် မှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ ပါရှန်းဌာနကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း စပ်ပြီး မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

၂၀၁၄ ခုနှစ် Diversity Visa အစီအစဉ်အတွက် အင်တာနက်ပေါ်ကနေ လျှောက်လွှာ လျှောက်ရမယ့် စာမျက်နှာကို အောက်တိုဘာလ နှစ်ရက်နေ့၊ အင်္ဂါနေ့ မွန်းတည့်ချိန်မှာပဲ စပြီးတော့ ဖွင့်လှစ်လိုက်ပြီဖြစ် ပါတယ်။ လျှောက်လွှာတွေကတော့ ပြောခဲ့တဲ့အတိုင်း နိုဝင်ဘာလ သုံးရက်၊ စနေနေ့ မွန်းတည့် ၁၂ နာရီ အချိန်မှာ ပိတ်မှာပါ။ မနှစ်ကဆိုရင် လူပေါင်း ၈ သန်းလောက် ဒီဗွီ ကံစမ်းမဲကို လျှောက်ခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း လျှောက်ထားသူအရေအတွက် အဲဒီလောက်အထိ များလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီလိုမျိုး လျှောက်ထားသူ ၈ သန်းနီးပါးလောက်ထဲကနေ လူပေါင်း ၅ သောင်းခွဲလောက်ကိုပဲ မဲနှိုက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗွီကံစမ်းမဲ လျှောက်ထားဖို့က အရင်က စာရွက် နဲ့ ဖောင်ဖြည့် လျှောက်လွှာ တင်ရပေမဲ့လည်း ၂၀၁၂ ခုနှစ်အတွင်း ကံစမ်းမဲတွေလျှောက်ရမယ့် မနှစ်က စပြီတော့ အွန်လိုင်း အင်တာနက်ကနေပြီးတော့ပဲ လျှောက်လွှာတင်လို့ ရပါတော့ တယ်။ လျှောက်လွှာကို Online ကတင်ရသလို မဲပေါက်တဲ့စာရင်းထုတ်ပြန်တဲ့ မေလမှာတော့ Website ကနေပဲ ပေါက်မဲစာရင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အမေရိကန် ဗီဇာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Karen King က

"လျှောက်လွှာ လျှောက်ထားတဲ့သူက ဒီလျှောက်လွှာနဲ့ပတ်သက်လို့ ပြင်ဆင်တာမှန်သမျှ ကိုယ်တိုင် လုပ်လို့ ရတဲ့စံနစ်မျိုးဖြစ်အောင်ကျမတို့ စီစဉ်ထားတာပါ။ ဘယ်အေးဂျင့်ဆီကိုမှ သွားပြီး ပိုက်ဆံ ပေး စရာ မလိုသလို  လျှောက်ဖို့လည်း ပိုက်ဆံတပြားမှ ကုန်စရာ မလိုပါဘူး။ ကိုယ်အရွေးခံရတယ်၊ မရဘူး ဆိုတာကို Website မှာ ကိုယ်တိုင်စစ်ကြည့်လို့ရတယ်။ ဒီတော့ လျှောက်လွှာတင်တဲ့သူက အမြဲတမ်း ကိုယ့်အတွက်ကိုယ် လိုက်ကြည့်နေရတာမျိုးတော့ ဖြစ်ပါတယ်။"

ဒါကတော့ အမေရိကန်ဗီဇာရုံးက ပြောရေးဆိုခွင့်ရှိသူ Karen King ပြောသွားတာဖြစ်ပါတယ်။

ဒီလိုမျိုး ကံစမ်းမဲထိုးကြည့်တဲ့အထဲမှာ အီရန်နွယ်ဖွား သတင်းထောက် ရုစ်ဘတ်၊ မာဆာရီလည်း ပါဝင်ခဲ့တာပါ။ သူက ၁၉၉၉ ခုနှစ်မှာ Green Card လို့လည်း ပြောလို့ရတဲ့ DV ကံစမ်းမဲပေါက်ပြီးတော့ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချခဲ့တာ ဖြစ်ပါတယ်။

"အဲဒီတုန်းက ကျနော် စစ်ထဲမှာလေ။ အဲမှာမှာ ကျနော့်ညီမဆီက သူ့ကို ချက်ခြင်း ဖုန်းဆက်ပါဆိုပြီး အမှာစကားရလိုက်တယ်။ အဲဒီတော့ သူ့ဆီပြေးပြီး ဖုန်းဆက်လိုက်တာ ကျနော် ဂရင်းကဒ် ပေါက်တယ် လို့ သိရတယ်။ ဝမ်းသာသွားတာဗျာ- အဲဒါနဲ့ ကျနော် တပ်ထဲကထွက် အိမ်ပြန်လာတယ်။ အိမ်မှာလည်း အမေရိကားကိုသွားဖို့ စာရွက်စာတမ်းအပြည့်အစုံ ရောက်နေပြီလေ။ ကျနော် ခုနစ်ရက်လောက်ကို ပွဲခံပစ်လိုက်တယ်ဗျာ။"

သူ့လောက်ကံမကောင်းခဲ့တဲ့ နိုင်ကီရမီကတော့ DV ကံစမ်းမဲ ထိုးခဲ့တာ သုံးကြိမ်ရှိသွားပါပြီ။ သူက လက်ရှိ ကနေဒါနိုင်ငံမှာ နေထိုင်နေပြီး ဒီနှစ်မှာလည်း DV ကံစမ်းမဲထိုးအုံးမယ်လို့ ဆိုပါတယ်။

"ကျနော် ကံကောင်းမယ်ထင်တယ်။ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ကံကောင်းနေတယ်လေ။ ဒီတခေါက်က ကျနော် မဲပေါက်မှာဗျ။ ကျနော်က ဘွဲ့လည်းရပြီးသား၊ အိမ်ထောင်လည်းရှိတယ်။ အလုပ်လည်းရှိတယ်။ ဒီတော့ ကံကောင်းပြီဆိုရင်လေးခုတပြိုင်တည်းလာတာမဟုတ်လား။ သုံးခုနဲ့ပဲ ရပ်နေမှာ မဟုတ်ပါဘူး။"

DV ကံစမ်းမဲအတွက်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူဦးရေ နည်းတဲ့ နိုင်ငံ သားတွေအတွက်က ပိုပြီးတော့ အခွင့်အရေးရှိတာပါ။ ဒါ့ကြောင့်မို့လို့ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေများပြီးသား ဘရာဇီးလ်လို၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေက နိုင်ငံသားတွေ DV ကံစမ်းမဲ လျှောက်ခွင့် မရှိတော့ပါဘူး။ ဒါပေမဲ့ လျှောက်လို့ ရသေးတဲ့နိုင်ငံတွေကလည်း အများကြီး ကျန်နေသေးတယ်ဆိုတော့ အဲဒီနိုင်ငံတွေက DV ကံစမ်းမဲ စိတ်ဝင်စားတဲ့ နိုင်ငံသားတွေအတွက် ဘဝသစ်က စိတ်ကူးယဉ်စရာ ဖြစ်နေပါသေးတယ်။

အီရန်နွယ်ဖွား ကနေဒါက မာဆာရီက -

"ကျနော် တော်တော်ကြာကြာကို တွေဝေနေခဲ့ပါတယ်။ ငါးနှစ်တောင် ကြာသွားခဲ့တာ။ ငါးနှစ်ပြည့်မှပဲ အားလုံးကိုချ၊ သေချာထိုင်စဉ်းစားပြီး နောက်ထပ် ငါးနှစ်၊ ဆယ်နှစ်မှာ ဘယ် အနေအထား ရောက်နေ ပြီလဲဆိုတာ စဉ်းစားကြည့်မိတယ်။ အဲဒီနောက် ၁၂ နှစ် ကြာတဲ့အချိန်မှာတော့ ကျနော် ဂရင်း ကဒ်ပေါက်ခဲ့တာကို သိပ်ကျေနပ်မိရပါတယ်။ ကျနော့ဘဝ လုံးဝကို ပြောင်းလဲသွားတာပါပဲ။"

ဒီဗွီကံစမ်းအုံးမယ့် အီရန်နွယ်ဖွား ရုစ်ဘတ် မာဆာရီ ပြောသွားတာပါ။ မြန်မာနိုင်ငံကတော့ မနှစ်က ဒီ ဗွီကံစမ်းမဲပေါက်သူ ၄၀၃ ဦးရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကံစမ်းမဲထိုးဖို့ စိတ်ဝင်စားကြတယ် ဆိုရင်တော့ website လိပ်စာက www.dvlottery.state.gov” မှာ လျှောက်ထားနိုင်ပါတယ်။ Website လိပ်စာ စာလုံးပေါင်းကတော့ www.dvlottery.state.gov  ဖြစ်ပါတယ်။

လျှောက်လွှာ ပိတ်ရက်ကတော့ နိုဝင်ဘာလသုံးရက်၊ အမေရိကန် မြို့တော် ဝါရှင်တန်စံတောင်ချိန် မွန်းတည့်မှာ ပိတ်မယ်ဆိုပေမဲ့လည်း ပိတ်ရက်နီးလာတာနဲ့အမျှ လျှောက်ထားတဲ့သူတွေလည်း အလုအယက်လျှောက်ကြလို့ Online မှာ အရမ်း အချိန်ကြာတာမျိုး၊ အင်တာနက် connection သိပ်လေးပြီး လျှောက်လွှာ မဝင်တာမျိုးတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စောစောလျှောက်ကြဖို့ လိုအပ်ပါတယ်။ လျှောက်လွှာတွေအတွက် အသေးစိတ် အချက်အလက်တွေကိုလည်း အဲဒီ DV Website မှာပဲ ကြည့်ရှုလို့ရပါတယ်။ DV လျှောက်ထားရာမှာ ဘယ်သူတွေ ကံထူးလဲဆိုတာကိုတော့ အဲဒီ Website မှာပဲ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်ရှင်။

DV ကံစမ်းမဲလျှောက်နိုင်သည့် website link : www.dvlottery.state.gov
__._,_.___

မင်းပျော်မယ်ဆိုရင်

မာယာဆန်တဲ့
နှုတ်ခမ်းပါးလေးက
အလွမ်းစကားတွေများ
ပြောတက်လိုက်တာ
'' စိတ်ပျက်လက်ပျက်
ဖြစ်ခဲ့မိရင်တောင်
မုန်းလို့မရတဲ့ အလွမ်းတွေနဲ့
ချစ်မိပါသတဲ့....''
ရွှေနားတော်ပုံသွင်း
ရင်ခုန်သံခြေတော်ရင်းမှာ
ရာဇသံတစ်ချက်လွတ်အမိန့်နဲ့
ပြစ်လွှတ်လိုက်တဲ့
ထိချက်ပြင်းတဲ့မြားတွေလို
ငါ့နှလုံးသားလေး
ဖြားသေလောက်တယ်...
မုသားပါပြီး
လင်္ကာချောသူရေ
သူ့အပြောမှာ မြောလွင့်ခဲ့တဲ့
ခါးသက်တဲ့ နေ့ရက်တွေတိုင်းမှာ
အသွားထက်ထက်
ဓားစက်တွေအောက်က
ပျားရည်တစ်စက်လိုချိုမြန်ခဲ့တဲ့
အမှတ်မရှိတဲ့ ငါ့ရဲ့အသည်း
ဟက်တက်ကွဲမှ
သည်းသည်းလှုပ်...မင်း
ပျော်မယ်ဆိုရင်...
'' အလွမ်းညွှန်ရာ
သူဖြစ်ပါစေ..ဆလိုင်း..

Thursday 4 October 2012

vedioအားပေးကြပါခဗျာ


နေရာဟောင်းမှာ...

စိမ်းလန်းတဲ့မြေ
တသွင်သွင်းစီးနေတဲ့ကန်ရေပြင်
တောငှက်လေးတွေရဲ့
သီကျူးသံတွေ
နင်မှတ်မိပါလေစ..
တခါတခါ
တိုက်ခတ်လာတဲ့
လေနုအေးတစမှာ
တောပန်းရနံ့တွေကြိုင်လို့
နူးညံ့ခဲ့တဲ့
အမှတ်တရချိုချိုတွေကို
ငါမေ့မရခဲ့ဘူး..
လေယူရာယိမ်းနွဲ့နေတဲ့
ဝါးရွက်စိမ်းစိမ်းလေးတွေရဲ့ကြားမှာ
ပြေးလွားနေတဲ့
မျောက်ပေါက်စလေးတွေ..
ယုန်ဖြူဖြူလေးတွေ..
ကိုင်းတန်းပေါ်က
ငှက်ပြာပြာလေးတွေ..
ငါတို့တအံ့တသြ
ကြည့်ခဲ့ဖူးတယ်..
ပတ်လည်ဝိုင်းနေတဲ့
တောင်အမြင့်ကြီးတွေပေါ်မှာ
ဆောက်ထားတဲ့
ဝါးတံတားလေးတွေ
သစ်သားအိမ်သေးသေးလေးတွေ
မြင်ရယုံနဲံ့
ရင်ခုန်ရတယ်..
တောင်အရိပ်ကြောင့်
အထိတွေ့တွေဘယ်လောက်ပဲ
အေးစက်နေပါစေ..
တဖွဲဖွဲကျနေတဲ့
မိုးရာသီကြောင့်
မိုးစက်တွေဘယ်လောက်ပဲ
အေးခဲနေပါစေ..
တွဲထားတဲ့လက်တစုံရဲ့
နွေးထွေးမှု့ကို
ဖြိုခွင်းနိုင်မယ်မထင်ဘူး…
လန်းဆန်းမှု့တွေအတွက်
ဒီနယ်မြေ..
ငါတို့နှစ်ယောက်ရဲ့
ပထမဆုံးခြေလှမ်းတွေ
ငါ့ရဲ့စိတ်ကူးတွေမှာ
ပျံသန်းနေတုန်း…
ငါ့အတွက်
ပုံပြင်တခုလိုပဲ..
နင်နဲ့ငါဝေးခဲ့ရတာ
ဘာလိုလိုနဲ့
တစ်နှစ်ကျော်ခဲ့ပီင်္..
ဒီနယ်မြေကို
ခုတခါပြန်ရောက်ခဲ့ပြန်တော့
ငါ့ဘေးနားမှာ
အရင်လို့နင်မရှိခဲ့ပေမယ့်
ကျောက်တုံးပေါ်က
စာတန်းလေးကတော့
ငါ့ကိုစီးကြိုနေတုန်းပဲ..
စောင်းတန်းပေါ်က
နင့်ရဲ့ရယ်သံတွေ..
ကန်ဘောင်ပေါ်က
နင်ရဲ့အရိပ်တွေ..
ငါ့ရင်ထဲက
နင်ရှိနေမလားလို့
ပြန်လိုက်ရှာခဲ့ပေမယ့်
ဝေးခဲ့ပီလေ..
နင်သတိရခဲ့မယ်ဆိုရင်တော့.....

အလွမ်းရာသီ

မမေ့ရက်နိုင်လို့
မေ့မထားခဲ့ဘူး
ဒါဟာသစ္စာတရားဆိုရင်
နင်ယုံမှာလား
အေးချမ်းမှု့အတွက်
ကျိန်ဆိုပြရမယ်ဆိုရင်တောင်မှ
ငါ့အချစ်ကို
ဘယ်သူကမှီနိုင်မှာလဲ
သံယောဇဉ်ဆိုတဲ့
ကြိုးပါးပါးလေးကိုမှ
ကပ်တွယ်ခဲ့မိလို့
ချစ်ခြင်းနယ်နမိတ်
အလွန်မှာရှိနေတဲ့
နင့်ကိုငါမမုန်းနိုင်ခဲ့ဘူး
ဘာအတွက်
ဘာကြောင့်ရယ်လို့
ထောက်မပြနိုင်တဲ့
ငါရဲ့ရှင်သန်ခြင်းတွေတိုင်းက
မျော်လင့်ချက်ရဲရဲ့လေးနဲ့
နင့်အတွက်ဖြစ်နေလို့ပေါ့
ချစ်သူ
ကြယ်ကြွေတာကို
ပထမဆုံးမြင်ဖူးတဲ့
ကလေးတယောက်ရဲ့
ကြည်နူးခြင်းမျိုးနဲ့
နင့်ကိုငါချစ်ခဲ့ဖူးတယ်.. လွမ်းချင်လို့
ချစ်ခဲ့တာမဟုတ်ဘူး
အခုတော့
ချစ်ခဲ့လို့ လွမ်းနေရတယ်
နင်ပြောခဲ့တဲ့စကားလိုပဲ
လမ်းတွေဝေးနေလဲ
လွမ်းနေသေးတယ်
မလွမ်းသင့်ပေမဲ့လည်း
နင့်ကိုငါ
လွမ်းနေသေးတယ်
ဒါကိုနင့်ဘက်က
အသိမှတ်ပြုမယ်ဆိုရင်
ငါရဲ့အလွမ်းတွေကို
မိုးအဖြစ်နဲ့
နင့်အတွက်ရွာချပါရစေ…အလွမ်းမင်းသား။